Pages

Pages

မောင်တောမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများထဲမှ အဋ္ဌမအသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ် -၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး








MNP ၊ မတ် ၂၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများ အား အဋ္ဌမအသုတ် (ပထမ)အကြိမ် အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့  နံနက်ပိုင်းက  သတ်မှတ် နေရာ များတွင် ဆက်လက် ထိုးနှံ ပေးလျက်ရှိရာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင် များ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံနေသည့် အခြေအနေများအား လှည့်ပတ် ကြည့်ရှုခဲ့ကြပြီး လို အပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက် ထိုးနှံသည့် ဦးတည် အုပ်စုတွင် ပါဝင်သည့် သူများ အား ကိုယ် အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင် ရွက် ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့် အနား ယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး များ နှင့် တာဝန်ရှိသူများက ကူညီ ဆောင် ရွက်ပေး လျှက်ရှိသည်။ 

အဆိုပါ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများအား အဋ္ဌမအသုတ် (ပထမ)အကြိမ် ယမန်နေ့ နံနက်ပိုင်း က နိုင်ငံဝန်ထမ်း ၁၈ ဦး ၊  အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၈၇၅ ဦး ၊ မှီခိုသူ ၈၈၆ ဦး  စုစုပေါင်း ၁၇၇၉ ဦးအား  ကျန်း မာရေး ဝန်ကြီး ဌာန၏ လမ်းညွှန် ချက်များ နှင့် အညီ ထိုးနှံ ပေးခဲ့ပြီး ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံ ပေး မည် ဖြစ်ကြောင်း သိရသည်။ 


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment