ဝါးခယ်မမြို့တွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့် အညီ အကျိုးခံစားခွင့်‌ငွေများထုတ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝါးခယ်မမြို့တွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့် အညီ အကျိုးခံစားခွင့်‌ငွေများထုတ်ပေး


MNP - မတ်    ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသေား မြို့နယ်စည်ပင်သာယာရေး အာမခံအလုပ်သမား(၁)ဦး၏ ကျန်ရစ်သူ အကျိုးခံစားခွင့်နှင့် ဆေးဖိုးကုန်ကျငွေများ ပြန်လည်ထုတ်ပေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ဝါးခယ်မမြို့နယ် စည်ပင်သာယာရေးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုဖူလုံရေးအဖွဲ့ တိုင်းတာဝန်ခံအရာရှိ ဒေါ်မြတ်မြတ်ဦးက ၂၀၁၂ ခုနှစ် လူမှု ဖူလုံရေးဥပဒေပါ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက်တိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့ တာန်ခံအရာရှိ ဒေါ်မြတ်မြတ်ဦးက မြို့နယ်လူမှုဖူလုံရေးရုံးတွင် မှတ်ပုံတင်ထားသော မြို့နယ်စည်ပင်သာယာရေး ဌာနမှ အာမခံအလုပ်သမား ဦးအောင်သူ၏ လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံးမှုအတွက် နာရေးစရိတ်ငွေကျပ် (၃၅၁၃၆၀)သိန်းနှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ်(၄၃၂၀၀၀၀)သိန်း  စုစုပေါင်း ငွေကျပ်(၄၆၇၁၃၆၀)သိန်း ကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အာမခံအလုပ်သမား ဒေါ်ယမင်းထိုက်၏ ဆေးဖိုးကုန်ကျစရိတ်ငွေကျပ် (၂၆၈၆၅၀)သိန်း၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အာမခံအလုပ်သမား ဦးသက်လွင်၏ ဆေးဖိုးကုန်ကျစရိတ်ငွေကျပ် (၆၂၃၀၀)နှင့် အောင်သိန်းသန်းဆန်စက်မှ အာမခံအလုပ်သမား  ဦးဖိုးရင်၏ ဆေးဖိုးကုန်ကျစရိတ် ငွေကျပ် (၃၃၈၀၀)တို့ကို ၎င်းတို့ထံခွင့်ပြုထုတ်ပေးခဲ့သည်။

၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့် အညီ အကျိုးခံစားခွင့်ငွေများ ခွင့်ပြုထုတ်ပေးမှုတွင် ကျန်ရစ်သူငွေကြေး အကျိုးခံစားခွင့် (၁)ဦးနှင့် ဆေးဖိုးကုန်ကျစရိတ် ပြန်အမ်းငွေထုတ်ပေးသူ(၃)ဦးတို့အား စုစုပေါင်းထုတ်ပေးငွေကျပ် (၅၀၃၆၁၁၀)သိန်း ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သိရသည်။

သတင်း - ဟိန်းထက်လင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)