MNP - မတ် ၂၀
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အိမ်ထောင်စုလူဦးရေစာရင်းများပြုလုပ်ဆောင်ရွက်ပေးခြင်းကို လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ်ဦးစီးမှူးမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ရမ်းဗြဲမြို့နယ်၊ ရွာကြီးကျေးရွာအုပ်စုသို့ သွားရောက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုလူဦးရေစာရင်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ရမ်းဗြဲမြို့နယ်ဦးစီးမှူးရုံးမှ ဒု-လဝကမှူးဦးစိုးစံထွန်းပါဝန်ထမ်း(၄)ဦးမှ ရွာကြီးကျေးရွာအုပ်စုအတွင်းမှ ဒေသခံပြည်သူများအနေဖြင့် ပန်းခင်းစီမံချက်အရ ပြည်သူများ‘လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်နှင့်အညီပြုလုပ်ဆောင်ရွက်ပေးခဲ့ကြပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရမ်းဗြဲမြို့နယ်အတွင်းမှ ဒေသခံပြည်သူများအနေဖြင့် အိမ်ထောင်စုလူဦးရေစာရင်းခွဲပေးခြင်း၊ မွေးဖွားမှု သေဆုံးမှုများကို စာရင်းရေးသွင်းခြင်း ထုတ်ပယ်ခြင်း၊ ပျောက်ဆုံး/ပျက်စီးမှုများကို မိတ္တူပြုလုပ်ဆောင်ရွက်ပေးခြင်းများနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြားများ မပြုလုပ်ရသေးသောသူများအား အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈)နှစ်နှင့်အထက်ရှိပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ဆောင်ရွက်ပေးခြင်းများကို ရွာကြီးကျေးရွာအုပ်စုအတွင်းမှဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
သတင်း - အောင်နိုင်
မြန်မာနေရှင်နယ်ပို့စ်



No comments:
Post a Comment