MNP - မတ် ၂၁
ကလေးအလုပ်သမားပပျောက်ရေး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီပေးရေးလုပ်ငန်းကော်မတီ၏ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း အခြေခံသင်တန်းဆင်းပွဲနှင့် ဂဟေဆက်အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် Hotel Mandalay (Hinn Si Phyu Room)ခန်းမ၌ ကျင်းပဆောင်ရွက်ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊သင်တန်းသားများ တက်ရောက်ကြ သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုက အဖွင့်အမှာ စကားပြောကြားပြီးနောက် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောသည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်နှင့်သင်တန်းတွင် ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး သင်တန်းသားများကို သင်တန်းတက်ရောက်ပြီးရရှိလာမည့်အကျိုးကျေးဇူးများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - အောင်ဇော်မင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment