တရုတ်နိုင်ငံသည် မှန်ကန်မျှတပြီး သမိုင်း၏မှန်ကန်သည့်ဘက်တွင် ရပ်တည်ရန်အဆိုပြုကြောင်း ဝမ်ရိပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

တရုတ်နိုင်ငံသည် မှန်ကန်မျှတပြီး သမိုင်း၏မှန်ကန်သည့်ဘက်တွင် ရပ်တည်ရန်အဆိုပြုကြောင်း ဝမ်ရိပြော



ပေကျင်း၊ မတ် ၂၀ 

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၁၉ ရက် ညနေပိုင်းတွင် အန်းဟွေးပြည်နယ်Tunxi ၌ သတင်းထောက်များ၏ တွေ့ဆုံမေးမြန်းမှုကိုဖြေကြားစဉ် တရုတ် နှင့် အမေရိကန် သမ္မတတို့ ၏ ယူကရိန်းအရေးအပေါ် အမြင်ချင်းဖလှယ်မှုအခြေအနေကို ရှင်းလင်း ပြောကြားခဲ့သည်။

သမ္မတရှီကျင့်ဖိန်က ယူကရိန်းအရေးအပေါ်  တရုတ်၏ရပ်တည်ချက်ကို ရှင်းလင်းစုံလင်စွာ ပြောကြားခဲ့ရာ ၎င်းမှထွက်ပေါ်လာသော အရေးကြီးဆုံးအချက်ပြမှုအနေဖြင့် တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေးကို အစဉ်အမြဲထိန်းသိမ်းသော အင်အားဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးထိန်းသိမ်းမှု ၊ စစ်ရေးဆန့်ကျင်မှုကို အမြဲအဆိုပြုကြောင်း၊  ယင်းမှာတရုတ်နိုင်ငံ၏ သမိုင်းယဉ်ကျေးမှုအစဉ်အလာဖြစ်သလို တရုတ်နိုင်ငံ၏ တသမတ်တည်းသော  နိုင်ငံခြားရေးမူဝါဒဖြစ်ကြောင်း ဆိုသည်။ တရုတ်နိုင်ငံသည် အစဉ်အမြဲ မှန်ကန်မျှတမှုကိုအခြေခံပြီး ကိစ္စရပ်၏အမှားအမှန် ဖြစ်ပျက်ပုံအရ သီးခြားလွတ်လပ်စွာ မိမိဘာသာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းနှင့် မည့်သည့်ပြင်ပခြိမ်းခြောက်မှု၊ ဖိအားများကိုမှလက်ခံမည်မဟုတ်သလို တရုတ်နိုင်ငံအပေါ် အခြေအမြစ်မရှိ စွပ်စွဲမှုနှင့် သံသယများမှုကိုလည်း လက်ခံမည်မဟုတ်ကြောင်း ဝမ်ရိကပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က ယူကရိန်းအကျပ်အတည်းဖြေရှင်းရန် အဓိကကဏ္ဍ၂ ခု ပါဝင်သည့် တရုတ်နိုင်ငံနည်းလမ်းကို အဆိုပြုခဲ့သည်။ လက်ရှိအလျင်ဆောင်ရွက်သင့်သည်မှာ သက်ဆိုင်ရာနိုင်ငံများအကြား ဆွေးနွေးညှိနှိုင်းမှု တွန်းအားပေးကာ အပစ်အခတ်ရပ်စဲရေးနှင့် တိုက်ပွဲများအမြန်ဆုံးရပ်တန့်ရန်ဆောင်ရွက်သင့်ကြောင်းနှင့် အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများဖြစ်ပွားမှုမှ ကာကွယ်ရန် ဘက်ပေါင်းစုံအနေဖြင့် အတူလုပ်ဆောင်သင့်ကြောင်း ဝမ်က ရှင်းလင်းပြောကြားခဲ့သည်။ ရေရှည်အတွက် ဖြေရှင်းချက်မှာ စစ်အေးခေတ်အတွေးအခေါ်ကို လုံးဝဥဿုံစွန့်လွှတ်ရမည်ဖြစ်ကြောင်း၊ အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုဘဲ စစ်မှန်သော မျှတမှု၊ ထိရောက်မှု၊ ရေရှည်တည်တံ့သော ဒေသဆိုင်ရာ လုံခြုံရေးမူဘောင်ကိုဖန်တီးရမည်ဖြစ်ကြောင်း၊ သို့မှသာ ဥရောပတိုက် ရေရှည်တည်ငြိမ်မှုရရှိနိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် မှန်ကန်၍ တရားမျှတပြီး နိုင်ငံအများစု၏ လိုလားချက်နှင့်တူညီကြောင်း ၊  တရုတ်နိုင်ငံ၏ အဆိုပြုချက်သည် သမိုင်း၏မှန်ကန်သည့်ဘက်တွင် ရှိနေသည်ကို အချိန်ကာလစီးဆင်းမှုအလျှောက် သိနိုင်မည်ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)