MNP - မတ် ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ အမိုလန် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်များမှ အိမ်ထောင်စုဝင် များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဝေဝေသွယ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ ဦးစီးမှူးဒေါ်ကေသီမြင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးကျော်အောင်တို့က မတ်လ ၈ ရက်နေ့က စမ်းဘုတ်အုပ်စုနှင့် ကျောင်းရွာ အုပ်စုတွင် မိုးသည်းထန်စွာ ရွာသွန်းလေပြင်း တိုက်ခတ်၍ အမိုလန်ပျက်စီးဆုံးရှုံးမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် စုစုပေါင်း (၅)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၈၀၀၀၀)ကျပ်နှင့် အိမ်ထောင်စုလူဦးရေ(၂၄)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၀၄၀၀)ကျပ် စုစုပေါင်း(၃၃၀၄၀၀) ကျပ်အား လေဘေးသင့် ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - ပေါက်စ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment