Pages

Pages

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်၊ လူသုံးကုန်နှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိ






MNP ၊ မတ် ၂၀

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၁၈ ရက်တွင် ရခိုင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင် သော စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သံတွဲမြို့နယ်၊ သံတွဲ-တောင်ကုတ် ကားလမ်းဘေးတွင် တရားမဝင် ကညင်သစ်(၃ ဒသမ ၈၈၆၂) တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၈၈,၆၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ်၊ မရမ်းချောင်အမြဲတမ်း စစ်ဆေးရေး စခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၈ ရက်တွင် သွင်းကုန်ကြေညာ လွှာ ID တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော လူသုံးကုန်ပစ္စည်း များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၁၄,၄၇၄) ကိုလည်းကောင်း၊ မတ် ၁၉ ရက်တွင် မြဝတီမြို့မှ မန္တ‌လေး မြို့သို့ မောင်းနှင်လာသော ခရီးသည်တင်မှန်လုံယာဉ်(၁)စီးပေါ်၌ ခရီးသည်ဝန် စည်များနှင့်အတူ ရောနှောတင်ဆောင်လာသော တရားဝင် စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြ နိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သော M-150 အားဖြည့်အချိုရည်များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁,၃၀၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၃,၃၁၄,၄၇၄) ကို အကောက်ခွန်ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့အတူ မတ် ၂၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးအတွင်း စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း CANDA နှင့် KENBO အမျိုးအစား (လိုင်စင်မဲ့)မော်တော်ဆိုင်ကယ်များ(၅)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၆၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ကသာခရိုင်၊ အင်းတော် မြို့နယ်အတွင်း တရားမဝင် ကျွန်းခွဲသားဆိုဒ်စုံ(၁၄ ဒသမ ၂၆၂၂)တန် (ခန့်မှန်း တန်ဖိုး ငွေကျပ် ၄,၂၇၈,၆၆၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅,၈၇၈,၆၆၀)အား ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီး ဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်းရှိ ကျောက်မဆင်သစ်တောကြိုးဝိုင်းနှင့် ခပေါင်းသစ်တောကြိုးဝိုင်းများအတွင်း တရားမဝင် ကျွန်းသစ်၊ ပျဉ်းကတိုး သစ်ခွဲသား၊ ရုံးခွဲသား၊ ဒွနီခွဲသားနှင့် လယ်ဇသစ်ခွဲသား (၁၂ ဒသမ ၀၄၂၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၃၈,၄၈၄)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။


သို့ဖြစ်ပါ၍ မတ် ၁၈ ရက်၊ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ( ၁၀) မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀,၉၂၀,၂၃၈) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရ သည်။ 

https://t.me/MyanmarNationalPost

No comments:

Post a Comment