သက်တော် ၉၃ နှစ်၊ သိက္ခာတော် ၇၃ ဝါရီ ပန္နရသမ ရွှေကျင်သာသနာပိုင် ဝိဇ္ဇောတာရုံ ဆရာတော်ဘုရားကြီး၏ဥတုဇရုပ်ကလပ်တော်မြတ်အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူး သွားရောက်ဖူးမြော်ကြည်ညို၊ အန္တိမအဂ္ဂိဈာပန အတွက် အလှူငွေများ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သက်တော် ၉၃ နှစ်၊ သိက္ခာတော် ၇၃ ဝါရီ ပန္နရသမ ရွှေကျင်သာသနာပိုင် ဝိဇ္ဇောတာရုံ ဆရာတော်ဘုရားကြီး၏ဥတုဇရုပ်ကလပ်တော်မြတ်အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူး သွားရောက်ဖူးမြော်ကြည်ညို၊ အန္တိမအဂ္ဂိဈာပန အတွက် အလှူငွေများ ပေးအပ်



MNP ၊ မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မြစံပယ်လမ်း၊ ဝိဇ္ဇောတာရုံစာသင် တိုက် ဦးစီးပဓာနနာယက ရွှေကျင်နိကာယဓိပတိဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ၊ ပန္နရသမရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု အဘိဓဇမဟာအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက နိုင်ငံတော် ဩဝါဒါစရိယ ဝိဇောတာရုံဆရာတော်ဘုရားကြီး သည် ယနေ့နံနက် ၂ နာရီ ၁၂ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။

အဆိုပါဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်ဖူးမြော်ကြည်ညိုကာ အန္တိမ အဂ္ဂိဈပန သဘင်ပြုလုပ်နိုင်ရေးအတွက် လိုအပ်သည်များ လျှောက်ထားတင်ပြခဲ့ပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ဆရာတော်ဘုရားကြီးသည် သက်တော် ၉၃ နှစ်၊ သိက္ခာဝါတော် ၇၂ ဝါထိတိုင် သာသနာတော်ထွန်းကားပြန့်ပွားရေးဆိုင်ရာများကို ကြိုးပမ်းဆောင်ရွက်တော်မူခဲ့ကြောင်း၊ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်မြတ်ကို ၁၃၈၃ ခုနှစ် ၊တပေါင်း လပြည့်ကျော် ၆ ရက်၊ မတ် ၂၂ ရက် ညနေ ၅ နာရီတွင် အန္တိမအဂ္ဂိဈပန သဘင်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)