Pages

Pages

ဖျာပုံခရိုင်အတွင်း၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျောင်းသား/သူ (၆၃၀၀)ကျော်ဖြေဆိုမည်ဖြစ်



MNP - မတ်    ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်းရှိ (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး) မြို့နယ်များတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှပြုလုပ်မည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၆၃၂၇)ဦး ဖြေဆိုရန် စာရင်းပေးသွင်း ထားကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့မှစတင်၍၊ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ ဖျာပုံခရိုင်အနေဖြင့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန (၃၂) ခုထားရှိပြီး၊ ခရိုင်အတွင်းရှိ စာဖြေမည့်သူဦးရေမှာ ဖျာပုံမြို့နယ်တွင်အတွဲ (၁)၊ (၁၃၉၇)ဦး၊ အတွဲ(၂)၊ (၅၁၃)ဦးနှင့် အတွဲ(၇) (၈၈)ဦး၊ စုစုပေါင်း (၁၉၉၈)ဦး၊ ကျိုက်လတ် မြို့နယ်တွင် အတွဲ(၁)(၆၁၅)ဦး၊ အတွဲ(၂)(၅၇၄)ဦးနှင့် အတွဲ(၇) (၉၅)ဦး၊ စုစုပေါင်း (၁၂၈၄)ဦး၊ ဒေးဒရဲမြို့နယ်တွင် အတွဲ(၁)(၆၂၃)ဦး၊ အတွဲ(၂)(၃၃၀)ဦးနှင့် အတွဲ(၇) (၆၁)ဦး၊ အတွဲ(၅)(၁)ဦး၊ စုစုပေါင်း (၁၀၁၅)ဦး၊ ဘိုကလေးမြို့နယ်တွင် အတွဲ(၁)(၁၁၁၅)ဦး၊ အတွဲ(၂) (၈၁၁)ဦးနှင့် အတွဲ(၇)( ၁၀၄)ဦး၊ စုစုပေါင်း(၂၀၃၀)ဦး၊ ဖျာပုံခရိုင်အတွင်း ၂၀၂၂ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၆၃၂၇)ဦးဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း ဖျာပုံခရိုင်ပညာရေးမှူးရုံးမှ သိရှိရသည်။

သတင်း - အောင်ဝင်းနိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment