Pages

Pages

မင်းပြားမြို့ လူငယ်သင်တန်းကျောင်း၌ သတင်းအမှားအမှန်သုံးသပ်နိုင်ရေး ဥပဒေရေးရာ နှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ



MNP - မတ်    ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့က မင်းပြားမြို့ရှိ အဆိုပါသင်တန်းကျောင်း အစည်းအဝေး ခန်းမ၌   ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင်    မင်းပြားမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးသန်းဇော်က သတင်းအမှားအမှန်ခွဲခြား  သုံးသပ်နိုင်ရေး၊    မူးယစ်ဆေးဝါးအန္တရာယ်၊    ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မြို့နယ် ဥပဒေအရာရှိ ဦးကျော်လွင်က ဥပဒေရေးရာ သိကောင်းစရာများ ခေါင်းစဉ်အသီးသီးဖြင့်  အသိပညာပေး ပြောကြားကြသည်။

အသိပညာပေး ဟောပြောပွဲသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာ အကြီးအကဲများ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ မြောက်ဦးခရိုင် လက်ထောက် ညွန်ကြားရေးမှူး ဦးလှထွန်း၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးနှင့် ဒုကျောင်းအုပ်၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - သိန်းနုအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment