Pages

Pages

ရခိုင်ပြည်နယ်အတွင်းရှိ ပြည်နယ်/ မြို့နယ်/ မြို့စည်ပင်သာယာရေးအဖွဲ့များမှ တာဝန် ရှိသူများအားတွေ့ဆုံ


MNP ၊ မတ် ၁၇

ရခိုင်ပြည်နယ်အတွင်းရှိ ပြည်နယ်/ မြို့နယ်/ မြို့စည်ပင်သာယာရေး အဖွဲ့များမှတာဝန်ရှိသူများအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ပြည်နယ်ဝန်ကြီးချုပ်က မြို့/ ရွာများ သန့်ရှင်းသာယာလှပရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတို့နှင့်ပတ်သက်၍အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်/ မြို့နယ်/ မြို့စည်ပင်သာယာရေးအဖွဲ့များမှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment