Pages

Pages

လောင်းလုံးမြိုနယ်တွင် လက်ဘက်ရည်ဆိုင်မှ ပြန်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး


MNP ၊ မတ် ၂၉ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်တွင် မတ်လ ၂၈ ရက်နေ့ နံနက်ကကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ 

ပန်းဒလဲရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်သည် ကျေးရွာအတွင်းရှိ လက်ဘက်ရည်ဆိုင်မှ ဆိုင်ကယ် ဖြင့် ပြန်လာစဉ် နေအိမ်အနီးအရောက်တွင် ဆိုင်ကယ်စီးနင်းလာသော အမျိုးသားနှစ်ဦးအနက် ဆိုင်ကယ်နောက်မှ စီးနင်းလာသော အမျိုးသားတစ်ဦးက သေနတ်ဖြင့် ပတ်ခတ်ခဲ့သဖြင့် ဦးသိန်းဇော်အား ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့်ပတ်ခတ်သတ်ဖြတ်မှုဖြစ်စဉ်အား ထားဝယ်ခရိုင်အတွင်းရှိ NLD အစွန်းရောက် PDF အဖွဲ့(DDT )၊ လောင်းလုံမြို့နယ် (LLPDF) အဖွဲ့နှင့် နယ်မြေခံပျောက်ကြားတပ်ဖွဲ့ အစရှိသော အကြမ်းဖက်အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း  အကြမ်းဖက်အဖွဲ့များက သတင်းထုတ်ပြန်ထားသည်။ 

https://t.me/MyanmarNationalPost

No comments:

Post a Comment