MNP ၊ မတ် ၂၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့အမှတ် (၃)ဈေးရပ်ကွက် အောက်ကျင်း တွင် ယနေ့ နေ့လည် ၂ နာရီ ၂၅ အချိန်ခန့်တွင်မီးလောင်မှုတစ်ခုဖြစ်ပွား ခဲ့ရာ နေအိမ်( ၁၇ )လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရအမ်းမြို့မစခန်းမှူးဒုရဲမှူး မျိုးကြည် တာဝန်မှူး ရဲအုပ် ဆန်းလင်းအောင် ဦးစီးသောတပ်ဖွဲ့ဝင်( ၈)ဦးအမ်း မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်သန်းဌေးဦးစီး သောတပ်ဖွဲ့ဝင်( ၉ )ဦး မီးသတ်ယာဉ် (၃)စီးအမှတ် (၃)ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဝင်းချို နှင့် အဖွဲ့ဝင်များဖြင့် မီးငြိမ်းသတ်ခဲ့ရာ နေ့လည် ၂ နာရီ ၄၅ အချိန်တွင်မီးညွန့်ကျိုးပြီး ၃ နာရီ အချိန်တွင်မီး ငြိမ်းခဲ့သည်။
အဆိုပါမီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍စစ် ဆေးဆောင်ရွက်ခဲ့ရာ အမှတ် (၃)ဈေးရပ်ကွက်အောက်ကျင်းနေ မနီနီဝင်းရွှေ (၂၂)နှစ်(ဘ)ဦးရွှေသိန်း(ကျဘမ်း)နေသူနေအိမ်နောက်ဖေး မီးဖို မီးကြွင်းမီးကျန်မှမီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ် စုစုပေါင်း(၁၈) လုံးမီးလောင်ကျွမ်းခဲ့ကြောင်းနှင့်လူ တိရိစ္ဆာန်ဆုံးရှုံးမှုမရှိပါကြောင်းနှင့်မီးလောင်ဆုံးရှုံးမှုကြောင့် ကျား( ၄၇) ဦးမ( ၄၃) ဦးစုစုပေါင်း(၉၀)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲရာ ၎င်းတို့အားပြန်လည်နေရာချ ထားနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ မနီနီဝင်းရွေ အားမြို့မရဲစခန်းသို့ ခေါ်ယူကာ အမှုဖွင့်အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
သတင်း - စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment