Pages

Pages

ပုဏ္ဏားကျွန်း စက်မှုဇုံတိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်းသို့ သောက်သုံရေများလှူဒါန်း


MNP - မတ်    ၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ သောက်သုံးရေ အခက်အခဲကြုံတွေ့နေရသော စက်မှုဇုံ တိုက်ပွဲရှောင်ကယ်ဆယ်ရေး စခန်းသို့ ယမန်နေ့ ညနေ(၄)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဇော်သန်းထွန်းဦးဆောင်သော တပ်ဖွဲ့ဝင်များစုပေါင်း၍ သောက်သုံးရေ ဂါလံ(၃၂၀၀)သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက် လှူဒါန်းခဲ့ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဇော်သန်းထွန်း ဦးဆောင်သောတပ်ဖွဲ့ဝင်များ စုပေါင်း၍ သောက်သုံးရေ အခက်အခဲများကြုံ တွေနေရသော ကျေးရွာများသို့ နေ့စဉ် ရေဂါလံ(၃၂၀၀)စီ သွားရောက် လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့က စက်မှုဇုံတိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းသို့ သောက်သုံးရေဂါလံ(၃၂၀၀)အား သွားရောက် လှူဒါန်းပေးနိုင်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဇော်သန်းထွန်း က ပြောသည်။

အဆိုပါစက်မှုဇုံတိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်းတွင် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ် ကျေးရွာ၊ သာစည်ကျေးရွာ၊ ပိန္နဲတောကျေးရွာနှင့် ပလက်ဝမြို့နယ် နှမဒါကျေးရွာများမှ တိုက်ပွဲရှောင်အိမ်ထောင်စု ၁၈၆ စု၊ လူဦးရေ ၆၈၅ ဦး လာရောက် ခိုလှုံလျက်ရှိကြောင်း တိုက်ပွဲရှောင် ကယ်ဆယ်စခန်းတာဝန်ခံထံမှ သိရသည်။

သတင်း - နီထွန်းအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment