Pages

Pages

မိုးမိတ်မြို့နယ်တွင် နွေရာသီအားကစားသင်တန်းများဖွင့်လှစ်



MNP - မတ်   ၂၈  

 ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအတွက် မိမိတို့ဝါသနာပါရာ အားကစားနည်းများအလိုက် အခြေခံအားကစားသင်တန်းများကို မြို့နယ်ပြည်သူ့အားကစားကွင်း၌ ဖွင့်လှစ်ပို့ချပေးလျက်ရှိ ကြောင်း သိရသည်။

 အဆိုပါသင်တန်းကို မတ်လ ၂၅ ရက်နေ့ကစတင်၍ ဖွင့်လှစ်ခဲ့ပြီး  ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဂျူဒို၊ ကရာတေး၊ အေရိုးဗစ်၊ Fitness Dance စသည့် အားကစားနည်းများကို သင်ကြားပို့ချပေးလျက်ရှိပြီး မျိုးဆက်သစ်အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန်နှင့် မြို့နယ် ကိုယ်စားပြုမှတဆင့် နိုင်ငံ့လက်ရွေးစင်ကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ နွေရာသီအားကစားအခြေခံသင်တန်းကို ဖွင့်လှစ် ပေးရခြင်းဖြစ်ပြီး သင်တန်းကို နေ့စဉ် ညနေ ၄ နာရီမှ ၆ နာရီအထိ ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိကာ တက်ရောက်သူ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၇၅ ဦးခန့် တက်ရောက်လျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

သတင်း - စည်သူဌေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment