ပွင့်ဖြူမြို့နယ် လယ်ကိုင်းနယ်မြေမီးသတ်စခန်းအတွက် မီးသတ်အထောက်အကူပြုယာဉ်တစ်စီး လွှဲပြောင်းပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ် လယ်ကိုင်းနယ်မြေမီးသတ်စခန်းအတွက် မီးသတ်အထောက်အကူပြုယာဉ်တစ်စီး လွှဲပြောင်းပေးအပ်


MNP - မတ်   ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လယ်ကိုင်းနယ်မြေမီးသတ်စခန်းအတွက် အသုံးပြုမည့် မီးသတ် အထောက် အကူပြုယာဉ် လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မီးသတ်အထောက်အကူပြုယာဉ် လွှဲပြောင်းပေးအပ်ရာတွင် ရှေးဦးစွာ မင်းဘူးခရိုင်မီးသတ်ဦးစီးဌာန ခရိုင်မီးသတ် ဦးစီးမှူး ဦးထွန်းထွန်းက ကျေးရွာကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံကာ မီးသတ်အထောက် အကူပြုယာဉ်နှင့် ပတ်သက်၍ အသုံးပြုနိုင်မည့်အခြေအနေ အားလည်းကောင်း၊ ပွင့်လင်းရာသီချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံကျေးလက်နေပြည်သူများ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားရှိရေးကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ လယ်ကိုင်းနယ်မြေမီးသတ်စခန်းအတွက် ထောက်ပံ့ပေးအပ်သည့် ယာဉ်အမှတ် (1S – 8382 ) ISUZU မီးသတ်အထောက် အကူပြုယာဉ်နှင့် အထောက်အထား စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ လယ်ကိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်မြင့်မြင့်မော်နှင့် ရပ်မိရပ်ဖများက လက်ခံရယူခဲ့ကြောင်း သိရသည်။

သတင်း - ရဲဝင်းနိုင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)