Pages

Pages

ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံ အားကစားသင်တန်း (၅)မျိုး အခမဲ့ဖွင့်လှစ် သင်ကြားပေး




MNP - မတ်   ၂၈

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လူငယ်များအချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နွေရာသီအခြေခံအားကစားသင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ၊ ယနေ့ နံနက် (၉)နာရီက ကလေးငယ်များ ပျော်ရွှင်စွာ သင်ကြားလေ့ကျင့်လျက်ရှိနေကြသည်ကို တွေ့ရသည်။

ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် နွေရာသီအခြေခံ အားကစားသင်တန်းများအဖြစ်၊ ဘောလုံး၊ မြန်မာ့သိုင်း၊ ဝူရှုး(ဆန်းဆို)၊ ရိုးရာခြင်းလုံးနှင့် Phycial Fitness Dance အားကစားနည်း(၅)မျိုးကို အခမဲ့ဖွင့် လှစ်သင်ကြားနေပေးနေခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်မတို့ ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန အနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ နွေရာသီကာလမှာ အချိန်ကိုအကျိုးရှိရှိအသုံးပြုတတ်စေဖို့နဲ့ အားကစားနဲ့ ကာယပညာ ကို စိတ်ဝင်တစားနဲ့ လေ့လာလိုက်စားတတ်တဲ့ အလေ့အကျင့်ကောင်းတွေရရှိအောင် ကျွန်မတို့ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ဖွင့်လှစ်သင်ကြားပေးနေခြင်း ဖြစ်ပါတယ်။ စတင်ဖွင့်လှစ်သင်ကြားပေးတာကတော့ မတ်လ (၂၂) ရက်နေ့ ကနေ စတင်ဖွင့်လှစ်ပေး တာပါ ကလေးတွေကတော့ တဖြေးဖြေးနဲ့ စိတ်ဝင်စားပြီး ပိုမိုများပြား လာပါတယ် အခုဆိုရင် သင်တန်းသားစုစုပေါင်း (၁၂၀)ဦးလောက်ရှိနေပါပြီ Phycial Fitness Dance အားကစားနည်းကိုတော့ ကျွန်မတို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ ပူးပေါင်းဖွင့်လှစ်နေတာဖြစ်ပြီး လောလောဆယ်တော့ ကျွန်မတို့အား ကစားကွင်းမှာပဲ လူစုံအောင်လေ့ကျင့်သင်ကြားပေးနေပါ တယ် နောက်ရက်တွေမှာတော့ ပြန်/ဆက်ရုံး ခန်းမမှာသွားရောက် လေ့ကျင့်ကြမှာဖြစ်ပါတယ်” ဟု မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်ဝင်းမင်းသန်းက ပြောပါသည်။

အဆိုပါ အားကစားနည်း(၅)မျိုး အနက် ဘောလုံးအားကစား၊ ဝူရှုးအား ကစားနှင့် Phycial Fitness Dance တို့ကို နေ့စဉ် နံနက်ပိုင်း(၉)နာရီမှ(၁၀:၃၀)နာရီအထိ လည်းကောင်း၊ မြန်မာ့သိုင်း၊ ဘောလုံး၊ ရိုးရာခြင်းအားကစားနည်းများကို ညနေ ပိုင်းတွင်(၃;၃၀)နာရီမှ ညနေ(၅)နာရီအ ထိလည်းကောင်း၊ နည်းပြများဖြင့် စနစ်တကျ သင်ကြားပေးနေခြင်းဖြစ်ကြောင်းနှင့် အဆိုပါအားကစားသင်တန်းများကို သင်တန်းသားစုစုပေါင်း(၁၂၀)ဦး တက်ရောက်လျက်ရှိပြီး၊ သင်တန်းကာလမှာ ဧပြီလ(၅)ရက် နေ့အထိ (၁၅)ရက်ဖြစ်ကြောင်း သိရသည်။

သတင်း - နေအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment