Pages

Pages

ကျောက်မဲမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ


MNP - မတ်     ၁ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ မြို့ကျက်သရေဆောင်ခန်းမ၌   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံရမည့် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကာကွယ်ဆေးများ ‌နေ့စဉ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်အထက် ပြည်သူပေါင်း ၁၀၉၈၂၆ ဦးရှိပြီး ၎င်းတို့အနက် ဖေဖေါ်ဝါရီ ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၅၇၂၂၇ ဦး ရှိပြီးဖြစ်ရာ ကျောက်မဲမြို့နယ်အနေ ဖြင့် ကာကွယ်ဆေးလွမ်းခြုံမှု ၅၂ ဒဿမ ၁၀ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အနေဖြင့် ကာကွယ်ဆေး လွမ်းခြုံမှု ၅၀ ရာခိုင်နှုန်း ပြည့်ခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့နောက်ပိုင်း ကိုဗစ် ၁၉ ရောဂါဖြစ်ပွားသူ ၁၂၉ ဦးထပ်မံတွေ့ရှိရှိရ‌သော်လည်း ကိုဗစ်၁၉ ရောဂါဖြင့် သေဆုံးသူ ၂ ဦးသာရှိကြောင်း သိရသည်။

သတင်း - မိုင်းထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment