MNP - မတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာအုပ်စု၊ မြသီတာကျေးရွာ၊ ဆင်ဖြူကွင်းအမှိုက်ပုံတွင် မတ် ၂၀ ရက်၊ ည(၁၉:၃၀) နာရီခန့်တွင် လမ်းသွားလမ်းလာတစ်ဦး ပေါ့ဆစွာစွန့်ပစ်သော ဆေးလိပ်မီးမှတစ်ဆင့် အမှိုက်ပုံရှိ အမှိုက်များအား စတင်လောင်ကျွမ်းရာမှ အမှိုက်ပုံ မီးလောင်မှုဖြစ်ပွားကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာအုပ်စု၊ မြသီတာကျေးရွာ၊ ဆင်ဖြူကွင်းအမှိုက်ပုံ မီးလောင်မှုဖြစ်ပွားကြောင်း တယ်လီဖုန်းသတင်းရရှိ၍ ပဲခူးခရိုင်မီးသတ်စခန်းမှ တာဝန်ရှိသူများက သွားရောက်မီးငြိမ်းသတ်ရာ (၂၁-၃-၂၀၂၂)ရက်၊ (၀၂:၀၀)နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် ဆင်ဖြုကွင်းအမှိုက်ပုံဧရိယာ (၂)ဧကခန့် မီးလောင်ခဲ့ပြီး၊ လူနှင့် တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်းသိရသည်။
မြန်မာနေရှင်နယ်ပို့စ်



No comments:
Post a Comment