မိုင်းရှူးမြို့နယ်ရှိ ပင်စင်စားမိဘပြည်သူများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းရှူးမြို့နယ်ရှိ ပင်စင်စားမိဘပြည်သူများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ



MNP - မတ်    ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မိုင်းရှူးမြို့နယ်ရှိ ပင်စင်စားမိဘပြည်သူများအား ယနေ့နံနက် ၇ နာရီ ခန့်မှစတင်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ လစဉ်ပင်စင်များ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်တွင် မြို့ပြပင်စင်စား(၇၈)ဦး၊ မြန်မာ့စီးပွားရေးဘဏ် ပင်စင်စား(၂)ဦး၊ ကာကွယ်ရေးပင်စင်စား (၁၃၁) ဦး၊ နိုင်ငံရေးပင်စင်စား(၂၉)ဦး၊ စုစုပေါင်းပင်စင်စားမိဘ ပြည်သူ (၂၄၀) ဦးရှိပြီး နိုင်ငံတော်အစိုးရက သတ်မှတ်ထားသောရုံးပိတ်ရက်များမှ အပရုံးဖွင့်ရက်များတွင် ပင်စင်စားမိဘပြည်သူများ ပင်စင်ထုတ်ယူရာတွင် အဆင်ပြေစေရန် လစဉ် ၂၁ ရက်နေ့မှ နောက်လ၂၀ ရက်နေ့အထိ ပင်စင်များ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)