ရေနံချောင်းမြို့နယ် လူမှုဖူလုံရေးရုံးမှ အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ခွင့်ပြုထုတ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေနံချောင်းမြို့နယ် လူမှုဖူလုံရေးရုံးမှ အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ငွေလုံးငွေရင်း ခွင့်ပြုထုတ်ပေး

 



MNP - မတ်    ၂၁

အလုပ်သမားဝန်ကြီးဌာန ရေနံချောင်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထား သည့် Gold Petrol Joc.Incကုမ္ပဏီမှ အာမခံအလုပ်သမားတစ်ဦးသည် လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရမှုကြောင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အမြဲတမ်း မသန်စွမ်းမှုအကျိုးခံစားခွင့် ငွေလုံးငွေရင်းခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံးတွင် ပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းတာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော်မြင့်က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေများနှင့် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားတစ်ဦး၏ ရပိုင်ခွင့်နှင့် အကျိုးခံစားခွင့်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းတာဝန်ခံအရာရှိနှင့် ရေနံချောင်းမြို့နယ် လူမှုဖူလုံရေးရုံး တာဝန်ခံ ဒေါ်နွယ်နီဝင်းတို့က တာဝန်ရှိသူများ ရှေ့မှောက်တွင် Gold Petrol  ကုမ္ပဏီမှ အာမခံ အလုပ်သမား ဦးစန်းမင်းကျော်အား အမြဲတမ်းမသန်စွမ်းမှုအကျိုး ခံစားခွင့် ငွေလုံးငွေရင်း ၃၄၀၆၄၄၁ ကျပ် ၉၂ ပြားတိတိကို ခွင့်ပြုထုတ်ပေးခဲ့သည်။

Gold Petrol  ကုမ္ပဏီမှ အာမခံအလုပ်သမား ဦးစန်းမင်းကျော်သည် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလက ချောက်ရေနံမြေတွင် တွင်းတူးစက်ဖြင့်ထိခိုက်ကာ ညာလက်ညှပ်ပြီး လက်မနှင့်လက်ညှိုးလက်ချောင်းကျိုးပြီး စတီးချောင်းထည့်ကာ ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း မြို့နယ်လူမှုဖူလုံရေးရုံးမှ သိရသည်။

အဆိုပါ အခမ်းအနားသို့  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ပပလှိုင်၊ မြို့နယ်လူမှု ဖူလုံရေး ရုံးဝန်ထမ်း များနှင့် မိတ်ဖက်ဌာနများမှ တာဝန်ရှိသူများ၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများ၊ Gold Petrol Joc.Inc ကုမ္ပဏီမှ ဌာနတာဝန်ခံ HSE Officer ဦးလွင်အောင်မိုးနှင့် တာဝန်ရှိသူများ၊ WCC အလုပ်သမားအဖွဲ့အစည်း တာဝန်ခံနှင့် ကာယကံ ရှင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)