MNP - မတ် ၂၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ရှိအသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပေးခြင်းကိုယမန် နေ့နံနက်(၈)နာရီအချိန်က မြို့မ ကွက်သစ်ရပ် ကွက်မုနိလေးဆူအောင်ဆုယူစေတီဓမ္မာရုံတွင်ပြု လုပ်ခဲ့ကြသည်။
အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး ရာတွင် မြို့နယ်ကျန်းမာရေးဌာနရှိ ဆရာမများက ကာကွယ်ဆေးထိုးနှံပေးရာသို့ လာရောက်ကြသည့် ရပ်ကွက်နေ ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ပြုလုပ် ပြီးမှသာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ စာရေးဝန်ထမ်းများ၊ မြို့မ ကွက်သစ်ရပ် ကွက်အုပ်ချုပ်ရေးမှူးနှင့် ပရဟိတ လူငယ်လေးများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြသည်။ မြို့မကွက်သစ်ရပ်ကွက်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လုံးဝဆေး မထိုးရသေးသူ(၂၄)ဦးအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံ ပေးခြင်းနှင့် တတိယအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံသူ (၆၄)ဦး၊ စုစုပေါင်း(၈၈)ဦးတို့ကို မြို့နယ် ကျန်းမားရေးဌာနရှိဆရာမများက ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
သတင်း - လှဝင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment