Pages

Pages

ကျိုက်ထိုမြို့နယ်တွင် သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် မီးသတ်ဦးစီးဌာနမှ ရေ သွား ရောက်လှူဒါန်း

 



MNP - မတ်   ၂၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် နွေရာသီရေပြတ်လပ်မှုမရှိစေရေးအတွက် ရေရှားပါးသော ရပ်ကွက်များသို့ သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးအတွက် ယမန်နေ့ မွန်းလွဲ ပိုင်းက ကျိုက်ထို မြို့နယ်     မီးသတ်ဦးစီးဌာနမှ သွားရောက် လှူဒါန်း ခဲ့သည်။

ကျိုက်ထိုမြို့နယ်အတွင်း  တောင်ပိုင်း ရပ်ကွက်ရှိအချို့သော ရေတွင်းများ၊ သောက်ရေကန်များ တွင် ပူပြင်းသောအပူချိန်ကြောင့် ရေများခန်းခြောက်စပြုလာ၍ ပြည်သူများအနေဖြင့် သောက် ရေ အခက်အခဲများဖြစ်ပေါ် နေခြင်းကြောင့် ကျိုက်ထိုမြို့နယ်   မီးသတ်ဦးစီးမှူး ဦးရဲညွန့်ထွေး နှင့်   တပ်ဖွဲ့ဝင်များက မီးသတ်ရေသည်ယာဉ်ဖြင့် ရေဂါလံ(၁၆၀၀)ကိုအခမဲ့ ဖြန့်ဝေ လှူဒါန်းပေး ခဲ့ကြောင်းသိရသည်။

သတင်း - သန်းသန်းမော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment