MNP ၊ မတ် ၂၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် သဘာ၀ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေပိုင်းတွင် ရဟိုင်ကူးတို့ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် ကျေးရွာလှေဆိပ်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သဘာ၀ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်က သဘာ၀ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့် အချက်များနှင့် ကြိုတင်ပြင်ဆင်ထားရမည့် အချက်များကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးမျိုးဇေယျာက သဘာ၀ ဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့် အချက်များအား လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဟန်မွှေးက သဘာ၀ဘေးအန္တရာယ် မကျရောက်မီနှင့် ကျရောက်ခဲ့ပါက မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေးအပါအဝင် ကူညီဆောင်ရွက်ပေးမည့် အစီအစဥ်များကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးလှတင့်က ဂွမြို့နယ်အနေဖြင့် ယခင်သဘာ၀ ဘေးအန္တရာယ်ကြုံဆုံခဲ့မှု အခြေအနေများနှင့် ယခု ကြိုတင်ကာကွယ်ထားရမည့် အခြေအနေများအားလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက သဘာ၀ဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ကာကွယ်ထားရမည့် အခြေအနေများနှင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မည့် အစီအမံများအားလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ရွှေရည်ဝင်းကျော်က သဘာ၀ဘေးအန္တရာယ် အခြေအနေများနှင့် ပတ်သက်၍ သတင်းတု၊သတင်းယောင်များအား ရှောင်ကြဥ်၍ စစ်မှန်သည့်သတင်းရင်းမြစ်များမှတဆင့် မှန်ကန်သည့်သတင်းများ ရယူအသုံးပြုနိုင်ရေးကို လည်းကောင်း ဟောပြောခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနက ဦးဆောင်၍ သဘာ၀ဘေးအန္တရာယ် ကျရောက်ပါက ပြည်သူများအနေဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား လက်တွေ့ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုနှင့် သရုပ်ပြပွဲကို ရွာသားများနှင့်အတူ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment