MNP - မတ် ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့အ.ထ.က အမှတ်(၁) ၊ (၂)၊ (၃) ကျောင်းများရှိ ကျောင်းသား/သူများမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုဝင်ခွင့်ကဒ်ထုတ်ယူခြင်းကို ၂၄.၃.၂၀၂၂ မှစ၍ စတင်ထုတ်ပေးနေပြီး (၃၀.၃.၂၀၂၂၂) ရက်နေ့ထိ နေ့စဉ် မနက် ၉:၃၀ မှ ညနေ ၄ နာရီထိ ထုတ်ပေး သွားမည်ဖြစ်ကြောင်း ပညာရေးဌာနမှ သိရသည်။
အဆိုပါ ဖြေဆိုဝင်ခွင့်ကဒ်ကို ထုတ်ယူရာတွင် အ.ထ.က အမှတ်(၁)ကျောင်းမှ ကျောင်းသား/ သူ (၅)ဦး၊ အမှတ်(၂) ကျောင်းမှ ကျောင်းသား/သူ (၂၀)ဦးနှင့် အမှတ်(၃) ကျောင်းမှ ကျောင်းသား/သူ (၄)ဦး စုစုပေါင်းဖြေဆိုဝင်ခွင့်ကဒ်ထုတ်ယူသူ (၂၉)ဦးရှိပြီး မူဆယ်ခရိုင် အတွင်းရှိ ပန်ဆိုင်း (ကြူကုတ်)မြို့၊ မိုင်းယု(၁၀၅)မိုင်နှင့် ကိုင်ပိုင်အထက်တန်းကျောင်းများတွင် စုစုပေါင်းကျောင်းတွင်း ဖြေဆိုသူ (၂၈၁)ဦးနှင့် အပြင်ဖြေဆိုသူ (၃၅)ဦး စုစုပေါင်း (၃၁၆)ဦး ရှိကြောင်းသိရသည်။
သတင်း - ချယ်ရီမြေ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment