Pages

Pages

ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုမှ ဖယ်ခွာရေးတောင်းဆိုရန် အမေရိကန်နိုင်ငံသည် နိုင်ငံအများအပြားသို့ သံတမန်များ စေလွှတ်၍ လုပ်ဆောင်လျက်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား


မော်စကို ၊ မတ် ၂၀ 

ရုရှားနိုင်ငံသည် အနောက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် တံခါးဖွင့်ထားဆဲဖြစ်သော်လည်း ၎င်းတို့နှင့် ဆက်ဆံရေးတွင် တိုးတက်မှုရရှိစေရန် ဦးဆောင်ဦးရွက်အစပျိုးလုပ်ဆောင်မည် မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က မတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။ 

“သူတို့ကိုယ်တိုင် တွန်းပို့ခဲ့တဲ့ ထွက်ပေါက်မရှိတဲ့အခြေအနေကနေ သူတို့ ဘယ်လိုထွက်ကြမလဲဆိုတာ ကြည့်ကြတာပေါ့။ သူတို့ရဲ့ တန်ဖိုးတွေ ၊ လွတ်လပ်တဲ့ဈေးကွက်ရဲ့ အခြေခံသဘောတရားတွေ ၊ ပုဂ္ဂလိကပစ္စည်းဥစ္စာတွေရဲ့ ထာဝရတည်မြဲမှု နဲ့  အပြစ်ကင်းစင်မှုလို့ မှတ်ယူတာတွေကို သူတို့ကိုယ်တိုင် အားလုံးနင်းခြေဖျက်ဆီးခဲ့တာပါ”ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ 

ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုမှ ဖယ်ခွာရေးတောင်းဆိုရန် အမေရိကန်နိုင်ငံသည် နိုင်ငံအများအပြားသို့ သံတမန်များ စေလွှတ်၍ လုပ်ဆောင်လျက်ရှိကြောင်း  ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ၏ ပြောကြားချက်အရ သိရသည်။ 

“ကျွန်တော်တို့ရဲ့ အမေရိကန် လုပ်ဖော်ကိုင်ဖက်တွေဟာ  အရှိတရားစစ်စစ်ကို ဆုံးရှုံးသွားပုံရပါတယ်။ ဒါမှမဟုတ် အင်မတန့်အင်မတန် ရှုပ်ထွေးမှုတွေနဲ့ ယောင်ရမ်းဖောင်းကားနေသလိုပါပဲ”ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ 


Ref : (ဆင်ဟွာ)

https://t.me/MyanmarNationalPost

No comments:

Post a Comment