MNP - မတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဇီးပင်ကွေ့အုပ်စု၊ ဇီးပင်ကွေ့ ကျေးရွာတွင် မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးသွားသော နေအိမ်များမှ အိမ်ထောင်စုဝင်များကို ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဇီးကုန်း မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုမြတ်ထွေးနှင့် အဖွဲ့တို့ ပူးပေါင်း၍ ဇီးပင်ကွေ့အုပ်စု၊ ဇီးပင်ကွေ့ကျေးရွာတွင် မတ်လ ၃ ရက်နေ့ နံနက် ၃ နာရီ ၅ မိနစ် အချိန်က မီးလောင်ပျက်စီးခဲ့သော မီးဘေးသင့်နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄)သိန်း၊ လည်ကောင်းနေအိမ်များရှိ မီးဘေးသင့်လူဦးရေ (၆)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၂၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၁၂၆၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ ပလတ်စတစ်ပုံး (၁)ပုံးတို့အား လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်း - ဝေယံဖြိုး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment