Pages

Pages

အင်းစိန် ရွာမပရိယတ္တိစာသင်တိုက် ပဓာနမဟာနာယဆရာတော်ဘုရားကြီး၏ သက်တော် (၈၃) နှစ်ပြည့်ဝိဇာတမင်္ဂလာနှင့် အဘိဓဇမဟာရဋ္ဌဂုရုဂုဏပူဇာအခမ်းအနား ကျင်းပ












MNP ၊ မတ် ၂၀


ယနေ့ အင်းစိန် ရွာမပရိယတ္တိစာသင်တိုက် ပဓာနမဟာနာယဆရာတော်ဘုရားကြီး၏ သက်တော် (၈၃) နှစ်ပြည့်ဝိဇာတမင်္ဂလာနှင့် အဘိဓဇမဟာရဋ္ဌဂုရုဂုဏပူဇာအခမ်းအနား ကျင်းပရာ ကျေးဇူးရှင်အဘိဓဇမဟာရဋ္ဌဂုရုသီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ ဂုဏ်ပြုသြဝါဒ ကြွရောက်မိန့်ကြားပေးခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ ရွာမပရိယတ္တိစာသင်တိုက် ပဓာနမဟာနာယဆရာတော်ဘုရားကြီး အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကာဘိဝံသ၏ တပည့်သံဃာများ၊ ဒါယိကာ/ ဒါယကာမများ တက်ရောက်ပူဇော်ကြသည်။


အင်းစိန် ရွာမပရိယတ္တိစာသင်တိုက် ပဓာနမဟာနာယဆရာတော်ဘုရားကြီး၏ သက်တော် (၈၃) နှစ်ပြည့်ဝိဇာတမင်္ဂလာနှင့် အဘိဓဇမဟာရဋ္ဌဂုရုဂုဏပူဇာအခမ်းအနားအထိမ်းအမှတ်ကုသိုလ်အဖြစ်   သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်ဋ္ဌေး၊ သီရိသုဓမ္မသိင်္ဂီ ဒေါ်ခိုင်သက်မွန်၊ သား - စည်သူကျော်ဋ္ဌေး၊ ရဲရင့်ကျော်ဋ္ဌေး၊ သမီး - သီရိရတနာဋ္ဌေး၊ မြင့်မြတ်ရတနာဋ္ဌေး "ဆုထူးပန် ကျောက်မျက်ကုမ္ပဏီ" မိသားစုက ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့၏ သီလဂုဏ်, မာဓိဂုဏ်, ပညာဂုဏ်တို့ကို အာရုံပြုလျှက် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် စာချ,စာသင် သံဃာတော်အရှင်မြတ်များအား နိဗ္ဗာန်ရည်မှန်း တစ်နေ့တာဆွမ်းလှူဒါန်းခဲ့ကြောင်း သိရသည်။


ကျေးဇူးရှင်အဘိဓဇမဟာရဋ္ဌဂုရုသီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ ဂုဏ်ပြုသြဝါဒ မိန့်ကြားရာတွင် သဒ္ဓါပညာခေါင်းပါးတဲ့ မင်းတို့ရဲ့ ခေတ်မှာ ဆရာတော်ဘုရားကြီးတွေဟာ တိမ်ဖုံးသလိုမှေးမှိန်ခဲ့ရကြောင်း၊ ယခု သဒ္ဓါ ပညာ ပွင့်လင်းလာတဲ့ခေတ်မှာ နိုင်ငံတော်၏ ဆရာအဖြစ် ပူဇော်ခြင်းကို ခံရကြောင်း မိန့်ကြားသွားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment