Pages

Pages

မအီမြို့တွင် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲအခမ်းအနားကျင်းပ






MNP - မတ်   ၂၁

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူးပြီး သုတဂဝေသီပညာရေးဖောင်ဒေးရှင်းက တာဝန်ယူဆောင်ရွက်ကျင်းပသည့် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့ရှိ အမှတ်(၂)ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၏ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲအခမ်းအနားကို ယနေ့ညနေ(၇)နာရီအချိန်က မအီမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှေ့ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာအခမ်းအနားတွင် မအီမြို့၊ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးသန်းဝင်းကအဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အမှတ်(၂)ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းမှ သားငယ်သမီးငယ်လေးများသို့ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်များကို သုတဂဝေသီပညာရေးဖောင်ဒေးရှင်းဥက္ကဌ ဦးမျိုးမင်းထွန်း၊ မကွေးဆေးတက္ကသိုလ်မှ စတုတ္ထနှစ်ကျောင်းသားမောင်ဖြိုးဝေဦး၊ ရန်ကုန်ဆေးတက္ကသိုလ်(၂)မှ ဒုတိယနှစ်ကျောင်းသားမောင်သော်ဇင်ဟိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး မူကြိုကလေးငယ်များက အကပဒေသာများဖြင့်ဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ သုတဂဝေသီပညာရေးဖောင်ဒေးရှင်းသို့ အဆိုပါကိုယ့်အားကိုယ်ကိုးမူကြိုတွင်တက်ရောက်လျှက်ရှိသည့် ကလေးငယ်များက အလှူငွေကျပ်(၁၀၀၀၀၀)ကို လည်းကောင်း၊ မအီမြို့၊ အမှတ်(၃)ရပ်ကွက်နေ ကိုပေါက်စ+မခိုင်မေမြင့်(သား)မောင်သုတဘုန်းမြင့်မိသားစုမှ အလှူငွေကျပ်(၅၀၀၀၀)ကို လှူဒါန်းခဲ့ကြပြီး အခမ်းအနားကို ည(၉း၃၀)နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်းသိရသည်။

ဖော်ပြပါ အမှတ်(၂)ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းမှာ ယခင်ကရပ်မိရပ်ဖကျောင်းကော်မတီများ၏ ဦးဆောင်မှုဖြင့် မူကြိုကျောင်း၏ကိစ္စအရပ်ရပ်ကို မိမိတို့အရပ်စရိတ်ဖြင့်ဖြေရှင်းဆောင်ရွက်နေခဲ့ရာက ယခုနှစ် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ မအီဒေသခံ အရှင်ဥတ္တရဝံသ(သုတဂဝေသီ) ဦးဆောင်ကြီးမှူးသည့် သုတဂဝေသီပညာရေးဖောင်ဒေးရှင်းက မူကြိုကျောင်း၏ကိစ္စအရပ်ရပ်တို့နှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်းကို အဆိုပါဖောင်ဒေးရှင်းဥက္ကဌဦးမျိုးမင်းထွန်းကသိရသည်။

သတင်း - မောင်မောင်ဌေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment