Pages

Pages

အုတ်ဖိုမြို့နယ်၌ စာမေးပွဲဖြေဆိုနေစဉ်အတွင်း မီးလောင်မှုမီးလန့်မှုမဖြစ်ပေါ်စေရေး တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေး

 


MNP -   မတ်    ၂၈

သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရွာမရပ်ကွက်ရှိ အ.ထ.က အုတ်ဖို စာစစ်ဌာနနှင့် ကပ်လျှက်နေအိမ်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်အတွင်း မီးလောင်မှုမီးလန့်မှုမဖြစ်ပေါ်စေရေးအတွက်  မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေယံဦး ဦးဆောင်၍ တပ်ဖွဲ့ဝင်များမှယနေ့နံနက်ပိုင်းက  မီးဘေးလုံခြုံရေးရှိစေရန် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ယခုအချိန်တွင် ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် နီးကပ်လာပြီဖြစ်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍   မီးဘေးလုံခြုံရေးအတွက် မိမိနေအိမ်၊ ပတ်ဝန်းကျင်တွင် ချက်ပြုတ်သုံးစွဲသည့် လျှပ်စစ်မီး၊ မီးဖိုများမှ မီးလန့်မှုများ၊ မီးလောင်မှုများ မဖြစ်ပွား မပေါ်ပေါက်အောင် မီးကိုအထူးသတိပြု၍ ချက်ပြုတ်သုံးစွဲကြရန်၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရန် အတွက်ထားရှိအပ်သော ရှေးဦးမီးငြိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဗူးများအား အသင့်တပ်ဆင်ထားရှိကြရန်၊ မီးသတ်ဆေးဗူးများ ဟောင်းနွမ်းနေပါက အသစ်လှဲလှယ်တပ်ဆင်ကြရန် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးကာ မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သတင်း - အောင်သူ

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment