အောင်လံမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်လံမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ



MNP - မတ်    ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းတွင်ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ဗဟိုမဏ္ဍာပ်ကို တရော်ကုန်းရပ်ကွက် ၁၁ လမ်းထောင့်တွင် တည်ဆောက်မည်ဖြစ်ပြီး မဏ္ဍာပ်ဆောက်လုပ်ရေး၊ ရေရရှိရေး၊ ဖျော်ဖြေရေး ယိမ်းအဖွဲ့များ၊ ဧည့်ခံကျွေးမွေးရေး၊ လုံခြုံရေးကိစ္စရပ်များ၊ ရပ်ကွက်များမှလည်း ရေကစားမဏ္ဍာပ် တည်ဆောက်ရေးတို့ ဆွေးနွေးပြောကြားရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ EE ဦးထွန်းသူအောင်က မဏ္ဍာပ်ဆောက်လုပ်မည့် အခြေအနေအား အသေးစိတ် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ဌာနဆိုင်ရာများက ဖျော်ဖြေရေးယိမ်းအဖွဲ့ ဆောင်ရွက်မည့် အခြေအနေနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ က ရပ်ကွက်များပူးပေါင်း၍ မဏ္ဍာပ်များတည် ဆောက်မည့်အခြေ အနေတင်ပြရာ ဗဟိုမဏ္ဍာပ်အပါအဝင် မဏ္ဍာပ် ၅ ခုတည်ဆောက်ကာ ပြည်သူများအေးချမ်း ပျော်ရွှင်ရေး ကစားနိုင်ရေး တို့ကို ဆွေးနွေးတင်ပြမှုများအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်း - မျိုးသိန်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)