Pages

Pages

သာယာဝတီမြို့၌ ဌာနဆိုင်ရာရုံးများ၌ မီးငြှိမ်းသတ်မှု သရုပ်ပြခြင်းများ ဆောင်ရွက်

 


MNP - မတ်    ၂၉

ယခုအချိန်သည် ပူပြင်းခြောက်သွေသည့် နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ သာယာဝတီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မီးဘေးကြိုတင် ကာကွယ်ရေးအတွက်  ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းသရုပ်ပြ ဆောင်ရွက်ခဲ့သည်။

မီးဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးဇော်လွင်ဦးနှင့်တပ်ဖွဲ့ဝင်များက  မီးဘေးကင်းဝေးစေရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ စုမှူးရုံး အဆောက်အဦများအားလျှပ်စစ်မီးကြိုးများ၊ မီးခလုတ်များအား စစ်ဆေးခြင်း၊ ရုံးမီးစက် အသုံးပြုမှုကို စနစ်တကျ ရှိစေရန်နှင့်  လျှပ်စစ်မီးကို စနစ်တကျအသုံးပြုတတ်စေရန်၊ ဟောင်းနွမ်းနေသော ဝါယာကြိုးများ၊ မီးခလတ်များအား၊ အသစ်လဲလှယ်အသုံးပြုရန်၊ လောင်စာဆီ သိုလှောင်မှုများအား စစ်ဆေးခြင်း၊  အမှိုက်များကို စနစ်တကျ စွန့်ပစ်စေရန်၊ လျှပ်စစ်မီး၊ ဖယောင်းတိုင်မီးကို စနစ်တကျ ကိုင်တွယ်အသုံးပြုရန်၊  မီးသတ်ဆေးဗူးများနှင့် ကြိုတင် ကာကွယ်ထားရှိခြင်း၊ မီးသတိပေး ဆိုင်းဘုတ်များအား ချိတ်ဆွဲခြင်း၊  မီးသတ် လှေကား၊ မီးသတ်ချိတ်များ၊ ရေအိတ်၊ သဲအိတ်များ ထားရှိခြင်းစသည့် မီးဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးငြှိမ်းသတ်မှု သရုပ်ပြခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှု သရုပ်ပြခြင်း၊ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်တားဆီးရေးအတွက် အသိပညာပေးခြင်းများ ကိုအကြံပြု မှာကြားခဲ့ကြောင်း သိရသည်။

သတင်း - သန့်ဇော် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment