Pages

Pages

အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိ



MNP ၊ မတ် ၁၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ   ဝန်ထမ်းများ သည် ပြည်သူများအား စာပေဗဟုသုတတိုးပွားလာစေရေး၊ အတွေးအခေါ်အမျှော်အမြင်များ တိုးပွားလာပြီး ကိုယ်တိုင်တွေးခေါ်စဉ်းစားဆုံးဖြတ်တတ်လာစေ ရေးနှင့် စာအုပ်စာစောင်များ နေ့စဉ်ဖတ်ရှု့လေ့လာတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန် အတွက် မိုဘိုင်းစနစ်ဖြင့် သုတ၊ ရသစာအုပ်များကို စနစ်တကျ လဲလှယ်ငှားရမ်းပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ယနေ့ နေ့လည်(၁၂)နာရီအချိန်က ဝန်ထမ်းများသည် လေယာဉ်ကွင်းရပ်ကွက်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်းသို့သွားရောက်၍  အမျိုးသမီးငယ်များအား သုတ၊ ရသ၊ ကာတွန်း၊ ရုပ်ပြစာအုပ်များကို  မိုဘိုင်းစနစ်ဖြင့် စနစ်တကျ လဲလှယ်ငှားရမ်းပေးခဲ့ကြသည်။


သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment