MNP - မတ် ၂၁
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်သူရိန်ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနတို့ ပူးပေါင်း၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး အသိပညာပေးဟော ပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဦးတင့်လွင်ဦး၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးစိုးညွန့်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်ထွေးထွေးနုတို့က အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်သူ များအား အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေး ခေါင်းစဉ်ဖြင့် အသိပညာ ပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်း - သန်းအောင်ဇော်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment