Pages

Pages

ကျိုင်းတုံမြို့ ခေမရဋ္ဌဗျာဒိတ်ပေး ရပ်တော်မူဘုရားကြီး၌ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

 



MNP -  မတ်    ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ခေမရဋ္ဌဗျာဒိတ်ပေး ရပ်တော်မူဘုရားကြီး အာရုဏ်ခံတန်ဆောင်း၌ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ကျိုင်းတုံမြို့ ဝေပုံလ္လကျောင်းတိုက်ဆရာတော်က ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်သည်။

ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာချုပ်၊ တပ်နယ်မှူး ဗိုလ်မှူးချုပ် တင်အောင်ဆွေ၊ ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအ‌ရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အေးသိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့ သံသရာအေး ကျောင်းတိုက်ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံတော်များက ပဋ္ဌာန်းတရားရွတ်ဖတ်ပူဇော်ရန်  ပဋ္ဌာန်းအမွှန်းဂါထာရွတ်ဆို၍ တိုက်တွန်းနှိုးဆော်သည်။

ကျိုင်းတုံမြို့ ခေမရဋ္ဌဗျာဒိတ်ပေး ရပ်တော်မူဘုရားကြီး၌ အသံမစဲမဟာမဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲကို မတ် ၂၉ ရက်မှ ဧပြီ ၄ ရက်ထိ (၇) ရက်တိုင်တိုင် ပူဇော်ကျင်းပလျက်ရှိကြောင်း သိရသည်။

သတင်း - အောင်ဇင်မြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment