MNP - မတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် စာစစ်ဌာန များအား ယမန်နေ့က မီးဘေးကြိုတင် ကာကွယ်ရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်ဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်လင်းဟန်နှင့် ဝမ်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး စာစစ်ဌာနများ၌ မီးဘေးကြိုတင် ကာကွယ်ရေး အတွက် သန့်ရှင်းရေး ဆောင်ရွက်ထားရှိမှု၊ ရေကန်များရေဖြည့်ပြီး မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲများဆောင်ရွက်ထားမှု၊ မီးသတ်ဆေးဗူးများ အသင့်အသုံးပြုရန် စီစဉ်ထားရှိမှု၊ စာဖြေခန်းများ လျှပ်စစ်မီးကြိုး၊ မီးခလုတ်များ တပ်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ကြီး များအား လိုအပ်သည်များ အကြံပြုဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
သတင်း - မျိုးဝင်းညို
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment