Pages

Pages

မောင်တောမြို့နယ် သင်္ဘောလှကျေးရွာတွင် နေအိမ်တစ်လုံး ဆိုလာမီး အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား


MNP ၊ မတ်  ၂၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ် သင်္ဘောလှကျေးရွာတွင် ယမန်နေ့  (၁၇ ၅၀)အချိန် နေအိမ် တစ်လုံး ဆိုလာ မီး အပူလွန်ကဲပြီး  မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ 

ဖြစ်စဉ်မှာ မောင်တောမြို့နယ် သဲချောင်းကျေးရွာ၊ သင်္ဘောလှကျေးရွာ၌ နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး  မီးလောင်မှုအား  ကျေးရွာရှိ ရွာသူ/ရွာသားများက  အနီးရှိ ရေတွင်း၊ ရေကန်များမှ ရေဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြရာ ယမန်နေ့ (၁၈ ၀၅)  အချိန်မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။ 

မီးလောင်ရသည့် အကြောင်းအရင်းမှာ   ဆိုလာမီး အားဖြည့်သည့် ဘတ္တရီအိုးမှ သွယ်တန်းအသုံးပြုသည့် ဝါယာကြိုး အပူလွန်ကဲကာ လောင်ကျွမ်းရာမှတဆင့် အနီးရှိ ဝါး ထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ပြီး  မီးလောင်မှုကြောင့် ဦးဆိုင်းမောင် (၅၇)နှစ်(ဘ)ဦးဆာနာဗန်၏ အလျား ၂၄ ပေ၊ အနံ ၁၂ ပေ ၊ အမြင့် ၁၂ ပေခန့်ရှိ  (သွပ်မိုး၊ ဝါးထရံကာ ၊ ပျဉ်ခင်း) လူနေအိမ်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သတ်၍ ဦးဆိုင်းမောင် (၅၇)နှစ်(ဘ)ဦးဆာနာဗန်အား တောင်ပြိုလက်ဝဲ ရဲစခန်းမှ အမှုဖွင့်လှစ်ကာ အရေး ယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment