Pages

Pages

မြင်းမူမြို့နယ်တွင် ဒေသခံပြည်သူ(၂၂၀၀၀)ကျော် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီး



MNP - မတ်    ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊  မြင်းမူမြို့နယ်တွင် သာဿနာ့အနွယ်ဝင်များ ကျောင်းသား /ကျောင်းသူများနှင့် ဒေသခံ ပြည်သူများကို    မြို့နယ်ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင်  အများပြည်သူရုံးပိတ်ရက်မှအပ နေ့စဉ် နံနက်(၉) နာရီမှ မွန်းတည့်(၁၂)နာရီအထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြင်းမူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးရန် အကျုံးဝင်သူပေါင်း (၉၉၀၅၂) ရှိကြောင်း၊   မတ်လ(၁)ရက် နေ့ထိ   မြို့နယ်တွင်း ကာကွယ်‌ဆေး ထိုးနှံပြီးစီးသူပေါင်း (၂၂၇၃၅) ဦးရှိပြီဖြစ်ကြောင်း၊ အလားတူ ဖေဖေါ်ဝါရီ (၂၂) ရက်နေ့မှစ၍ အသက် (၅၀) နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၆၀)နှစ်ပြည့်ပြီး အငြိမ်းစားဝန်ထမ်းများကိုလည်း BOSTER DOSE  ဆေးများထိုးနှံ ပေးလျက်ရှိကြောင်း၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ကိုဗစ်-၁၉ရောဂါ  ကာကွယ်ဆေးထိုးနှံပေးရေး ဆောင်ရွက်မှုလုပ်ငန်းများ   အဆင်‌ပြေချောမွေ့စေရေးအတွက်  သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ နှင့်အတူ      မြို့နယ်သက်ဆိုင်ရာ အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - အောင်စိုးဖေ

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment