Pages

Pages

မုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ စုပေါင်းဆောင်ရွက်


MNP - မတ်    ၂၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးပြီး ကျေးရွာအသင်းခွဲငယ် များနှင့် ပူးပေါင်း၍ မုန်တိုင်းနှင့် သဘာဝဘေး အန္တရာယ် ကြရောက်ပါက တုံ့ပြန်ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်မှုများကို ယမန်နေ့နေ့လယ်ပိုင်း စတင်၍ မုတ္တမပင်လယ်ကွေ့နှင့် ထိစပ်နေသည့် ဘိုကလေးကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိုးလေဝသနှင့် ဇလဗေဒ၏ ထုတ်ပြန်သည့် လေဖိအားနည်းရပ်ဝန်း၏ အခြေအနေ နောက်နှစ်ရက်အတွင်း ဖြစ်ပေါ်နိုင်မည့် အခြေအနေနှင့် ပြည်သူအများ လိုက်နာသင့်သည့် အချက်အလက်များ၊ ရှောင်ရန်/ဆောင်ရန်များ၊ အရေးပေါ်ဖြစ်ပေါ်လာပါက စုဝေးရမည့်နေရာနှင့် လမ်းကြောင်းများ၊ ကူညီကယ်ဆယ်ရမည့် သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများ၊ ကိုယ်ဝန်သည်နှင့် ကလေးသူငယ်များ၊ မသန်စွမ်းသူများအား စာရင်းကောက်ယူခြင်း၊ ရှေးဦးသူနာပြုစုနည်းနှင့်၊ အရေးပေါ် အသက်ကယ်ဆယ်နည်း တို့ကို သင်ကြားပြသခြင်း၊ စာရင်းဇယားများ ကောက်ယူခြင်းများနှင့် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှာကြားချက်များအား ရှင်းလင်းဆွေးနွေး ပြောကြားခြင်း များကို ခရမ်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ခင်မိုးလွင်နှင့် တပ်ဖွဲ့ဝင်များက နေအိမ်များသို့ လိုက်လံအသိပေး ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

သတင်း - ကိုမင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment