မအူပင်မြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

မအူပင်မြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ



MNP  -   မတ်     ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၌ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ် မြောက် တပ်မတော်နေ့ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းစကားလက်ကမ်းစာစောင်အား (အခမဲ့)ဖြန့်ဝေခဲ့ သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် သမိုင်းအဆက်ဆက် အမျိုးသားရေး လိုအပ် ချက်မှန်သမျှ တည်ဆောက်ပေးခဲ့သည့် တပ်မတော်၏ အစဉ်အလာကောင်းများ၊ နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူများအကျိုးကို ရည်မျှော်ကာ အနစ်နာခံကာကွယ်စောင့်ရှောက်မှုများ၊ (၇၇) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရပ်နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ ဦးမိုး(ပုသိမ်)၏ ငွေအလှ ကဗျာ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်၏ (၇၆)နှစ်မြောက် တပ်မတော် နေ့စစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်း(ကောက်နုတ်ချက်)တို့ကို ထည့်သွင်းထားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေကာ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သတင်း - အောင်ခိုင်၊အောင်မြင့်မြတ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)