Pages

Pages

ပေါင်မြို့နယ်တွင် နွေရာသီအားကစားသင်တန်းများကိုသင်တန်းများ ဖွင့်လှစ်၍ လူငယ်များအား သင်ကြားပေးလျက်ရှိ








MNP ၊ မတ် ၂၈

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှုးပြီး နွေရာသီအားကစားသင်တန်းများကို မြို့နယ်အားကစားရုံ တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်အတွင်းမှ မြန်မာ့ဂုဏ်ဆောင်လက်ရွေးစင်အားကစား သမားများချွန်ထက်မြက်ပေါ်ထွက်လာစေရန် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိရှိအသုံးချတတ်စေရန်နှင့် အားကစားအတတ်ပညာများ ရရှိစေရန်ရည်ရွယ်ပြီး အားကစား သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်အေးသီတာအောင်က ပြောကြားသည်။

အားကစားနည်း(၄)မျိုးအား မတ်လ(၂၃)ရက်နေ့မှ ဧပြီ(၅)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေး လျက်ရှိပြီး အားကစားနည်းအလိုက် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများက နည်းပြအဖြစ် နည်းစနစ်မှန်ကန်စွာ သင်ကြားပေးလျက်ရှိပြီး ရိုးရာခြင်းလုံးအားကစားနည်းကို(၁၅)ဦး၊ မြန်မာ့သိုင်း (၅၀)ဦး၊ ဘောလုံး(၂၂)ဦး၊ စုစုပေါင်း (၈၇)ဦးတို့ဖြင့် ကိုဗစ် -၁၉ စည်းကမ်းချက်များနှင့်အညီ သင်ကြားဖွင့်လှစ်နေပြီးဖြစ်ကြောင်း သိရှိရသည်။


သတင်း - တင်ဇာစိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment