MNP ၊ မတ် ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် သဘာ၀ ဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉နာရီခွဲအချိန်တွင် စေတီတောင်အရှေ့ စစ်ဘေးရှောင်စခန်းတွင် ဌာနဆိုင်များနှင့်ပူးပေါင်းပြီးကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သဘာ၀ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်လွင် က သဘာ၀ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့် အချက်များနှင့် ကြိုတင်ပြင်ဆင်ထားရမည့် အချက်များကိုလည်းကောင်း၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုမီးသတ် ဦးစီးမှူး ဦးအောင်ချမ်းသာ က သဘာ၀ ဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့် အချက်များအား လည်းကောင်း၊သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်းရေးမှူး များက သဘာဝဘေးအန္တရာယ် မကျရောက်မီနှင့် ကျရောက်ခဲ့ပါက သတ်မှတ်ထားသည့်နေရာများသို့ အချိန်မီသွား ရောက်နိုင်ရေးနှင့်ကူညီဆောင်ရွက် ပေးမည့် အစီအစဉ်များကိုလည်းကောင်း ဟောပြောခဲ့ကြသည်။
ဆက်လက်၍မြို့နယ်မီးသတ်ဦးစီးဌာနက ဦးဆောင်၍သဘာဝဘေးအန္တရာယ်ကျရောက်ပါက ပြည်သူများအနေဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအားလက်တွေ့ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုနှင့် သရုပ်ပြပွဲကို စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းနေပြည်သူများနှင့် ရပ်ကွက်သူ ရပ်ကွက်သားများ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ရေးမှူးများတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
သတင်း - ထွန်းလင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment