Pages

Pages

ငြိမ်းချမ်းရေး လိုချင်ပြီ



ငြိမ်းချမ်းရေး လိုချင်ပြီ


အာဏာရမ္မက်

မညှာတာသတ်တဲ့ လူဆိုးတွေကြောင့်

အပူခိုးဝေ ဒုက္ခရောက်ကြ။


ပြည်သူများဘက်

မကြည့်သူများလက်မှ ထွက်ပြေး

အသက်ပေးရ။


ဆိုးညစ် လိမ်ညာ

အိုးပစ်အိမ်ခွါလို့ အဝတ်မပါ

အခါခါအသက်လုပြေး ငတ်မွတ်ဘေးလည်းကြုံရ။


မိမဲ့ဖမဲ့

ချိနဲ့လှတဲ့ ကလေးငယ်တွေ တေးမဆို

ပြေးငိုခဲ့ရ။


အရှုံးအနိုင်အတွက်

အမုန်းပြိုင်ဖက် သွေးခွဲကာ

ကြိုးစွဲရာ မကနဲ့တော့။


အာဃာတထု

ခဝါချပြု အချင်းချင်သတ်ဖြတ်

ဆုံးသတ်လိုက်တော့။


ညီမျှမတွေး

ပြည်ပဘေး အနှောက်အယှက်တွေ

ဖျောက်ဖျက်လေ ပြည်သူအများ။


လှော်ကာထား

ဒေါ်လာစား ပြည်တွင်းသစ္စာဖောက်

ရှာကောက် ဖယ်ရှား။


သစ္စာတရားနဲ့

မေတ္တာထားကွယ့် တိုင်းရင်းသားတွေ

ချင်းများမနေ အတူလက်တွဲ။


မြန်မာပြည်ဟေ့

ကမ္ဘာတည်သ၍ အေးချမ်းသာယာ

ဘေးမသန်းအခါခါ တိုးတက်စေဘို့အတွက်

ဒို့လက်တွေမြဲ။


ပညာဝံသ (မျိုးချစ်သမဂ္ဂ)

https://t.me/MyanmarNationalPost

No comments:

Post a Comment