ဗန်းမောက်မြို့၌ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗန်းမောက်မြို့၌ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကျင်းပ


MNP - မတ်    ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန်က မြို့မကျောင်းတိုက် ဘုရားငါးဆူဓမ္မာရုံ၌ ကျင်းပရာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာတော်သံဃာတော်များနှင့် တရားနာပရိတ်သတ်အပေါင်းတို့က နမောတဿ (၃) ကြိမ်ရွတ်ဆိုပြီး ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ပညဝင်နဝတ်အသင်းက ရောင်ခြည်တော်ဖွင့်ဘုရားပင့်ဂါထာတော်ဖြင့် ဘုရားပင့်ဖိတ် ကြပြီး နောင်မီကျောင်း ဆရာတော်ဘုရားထံမှ ဘူပရိတ်သတ်အပေါင်းတို့က ငါးပါးသီလဆောက်တည်ကြကာ မြို့မကျောင်းဆရာတော်ဘုရားထံမှ ပဌာန်းအကြောင်း သိကောင်းစရာ ဩဝါဒဂါထာများကို နာယူ မှတ်သားကြသည်

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဌေးက ပဋ္ဌာန်းပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဝမ်းမြောက်စကား လျှောက်ထားပြီး ကြွရောက်လာကြသည့် သံယာတော်အရှင်မြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်များကို ရွတ်ဖတ်ပူဇော်ကြပြီး အလှည့်ကျ ဘာကေကဆရာတော်က မဟာပဌာန်းတော်ကို ရွတ်ဖတ်ပူဇော်ကြသည်။

အဆိုပါအသံမစဲ မဟာပဋ္ဌာန်းပူဇော်ပွဲကို မြို့နယ်အတွင်းရှိပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ပြီး ကပ်ကြီး(၃)ပါမှ ကျော်လွှား နိုင်စေရန်အတွက် ရည်ရွယ်ပြီး ကျင်းပပေးခဲ့တာဖြစ်ကြောင်းနှင့် (၅)ရက် တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - မေသူဟန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)