Pages

Pages

"(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ ဖြန့်ဝေ



MNP - မတ်    ၂၆

 ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ မတ် ၂၇ရက်နေ့တွင်ကျ ရောက်မည့် "(၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက် ၁၀ နာရီတွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ခရိုင်ရုံးမှ ဝန်ထမ်း များက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

"(၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင်  (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ ၁၉၄၇ ခုနှစ် ဇွန်လဆန်း၌ ဗိုလ်ချုပ် အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ တပ်မတော်၏ အစဉ်အလာ ကောင်း(၁၂)ရပ်၊ (၇၆)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားတွင် ပြောကြား သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ် မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်နှင့်     စိုးမိုး(ပုသိမ်) ရေးသားသည့် နွေအလှကဗျာ၊ အသက်သွေးချွေးစဉ်မနှေးပေး ဆပ်သည်မှာ တပ်မတော်ပါ၊တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမည်စသည့် တပ်မတော်ဆိုင် ရာ ဆောင်ပုဒ်၊ အခန်းကဏ္ဍအလိုက် စုံလင်စွာပါရှိသည့် သတင်းစကား လက်ကမ်းစာစောင် များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါ (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်း စာစောင် များကို လူစည်ကားရာနေရာများ၊ ဈေးဆိုင်များ၊ကျောင်းများနှင့်ဌာန ဆိုင်ရာရုံးများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment