Pages

Pages

မောင်တောမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများအား အဋ္ဌမအသုတ် (ပထမ)အကြိမ်အဖြစ် လူဦးရေ ၁၀၇၂၄ ဦးအား ကိုဗစ် -၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး




MNP ၊ မတ်   ၂၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများ အား အဋ္ဌမအသုတ် (ပထမ)အကြိမ် အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယနေ့  နံနက်ပိုင်းက  သတ်မှတ် နေရာ များတွင် ဆက်လက် ထိုးနှံ ပေး လျက်ရှိကြောင်း သိရသည်။ 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းများ မှတ်ယူခြင်း ၊ ကျန်းမာရေးဝန်ထမ်းများက လာရောက် ထိုးနှံသည့် ဦးတည် အုပ်စုတွင် ပါဝင်သည့် သူများ အား ကိုယ် အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင် ရွက် ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီး သည့် သူများကို မိနစ် ၃၀ ခန့် အနား ယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား တာဝန်ရှိ သူများက ကူညီ ဆောင် ရွက်ပေး လျှက်ရှိ သည်။ 

အဆိုပါ ဦးတည်အုပ်စု တွင်ပါဝင်သည့် သူများအား အဋ္ဌမအသုတ် (ပထမ)အကြိမ် ယနေ့ နံနက်ပိုင်းက နိုင်ငံဝန်ထမ်း ၄ ဦး ၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ ၆၅၆ ဦး ၊ မှီခိုသူ ၈၉၇ ဦး ၊ မသန်စွမ်း ၂ ဦး စုစုပေါင်း ၁၅၅၉ ဦးအား ထိုးနှံပေးခဲ့ပြီး မတ် ၁၉ ရက်နေ့မှ ၂၉ ရက်နေ့အထိ  အဋ္ဌမအသုတ် (ပထမ) အကြိမ် ကာကွယ် ဆေးထိုး နှံပြီးစီးသူ ၁၀၇၂၄ ဦးအား ကျန်း မာရေး ဝန်ကြီး ဌာန၏ လမ်းညွှန် ချက်များ နှင့် အညီ ထိုးနှံ ပေးခဲ့ပြီး ကျန်ရှိသူများ ကို လည်း ဆက်လက်ထိုးနှံ ပေး မည် ဖြစ်ကြောင်း သိရသည်။ 


သတင်း - သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment