Pages

Pages

စဉ့်ကူးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်


MNP ၊ မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသခံ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက စဉ့်ကူးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်တွင် အသိပညာပေးနှိုး‌ဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။      

အဆိုပါနှိုးဆော်ချက်များတွင် အတတ်နိုင်ဆုံး  အိမ်တွင်း၌သာနေထိုင်ကြရန်၊ ပြင်ပမှဧည့်သည်များ  လက်မခံရန်နှင့်  အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ အရာဝတ္ထုပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးကြောရန်၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို လက်ဖြင့် ထိတွေ့ခြင်းမှရှောင်ကြဉ်ကြရန်၊ နေအိမ်အပြင်ထွက်ခွာပါက  ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင် သွားလာကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်၊ လူစုလူဝေးများကို ရှောင်ရှားကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍  မပျက်မကွက်ဆေးကုသမှုခံယူကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာအသိပညာပေး လမ်းညွှန်အချက်များကို ပြည်သူများအားလုံးပူးပေါင်းပါဝင်လိုက်နာပေးကြပါရန် စသည့်အချက်များကို စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်အတွင်း လှည့်လည်၍ အသံချဲ့စက်ဖြင့်အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။ 


သတင်း - တင်ဇာလွင်

https://t.me/MyanmarNationalPost

 

No comments:

Post a Comment