Pages

Pages

ရန်ကင်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများနှင့် ကွင်းဆက်တရားခံအား ထပ်မံဖမ်းဆီးရမိ




MNP ၊ မတ်  ၂၀

မတ်လ ၁၉ ရက်နေ့ ၁၁ ၀၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရန်ကင်းမြို့နယ်၊ (၂)ရပ်ကွက်၊ ဆရာစံလမ်းတွင် လမ်းလျှောက်လာသူ အောင်နိုင်သူ အားစစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၃၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ၁၂ ၃၀ အချိန် ၎င်းနေထိုင်သည့် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ (၁၄) ရပ်ကွက်ခွဲ၊ တကောင်း(၁)လမ်းရှိနေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၂၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်  ၄၂ သိန်း)နှင့် အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၃၅ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂.၂၅ သိန်း) တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


အလားတူ ယင်းနေ့ ၁၃ ၄၀ အချိန် ရွှေပြည်သာမြို့နယ်၊ (၂၀)ရပ်ကွက်(သံဒင်း)၊ ပေါ်တော်မူလမ်းနေ တင်ကိုကျော် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ‌ ဒေါ်ဝေဝေထွန်း အားတွေ့ရှိပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၀၇၇၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၇.၇ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အားတွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၅ ၀၀ အချိန် အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများရောင်းချသူ ကျော်မြင့် အား ရွှေပြည်သာမြို့နယ်၊ (၁၉)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် TOYOTA BELTA အမျိုးအစား မော်တော်ယာဉ်  ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။


အဆိုပါ သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ အောင်နိုင်သူ(၃၈)နှစ်၊ တင်ကိုကျော် (၃၃) နှစ်၊ ဒေါ်ဝေဝေထွန်း(၆၀)နှစ်နှင့် ကျော်မြင့် (၃၇)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်များရေးဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ် လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment