အမ်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ





MNP ၊ မတ်  ၂၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ကော်မ တီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်း က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ် ချုပ်ရေး မှူးရုံးခန်းမ ၌ကျင်းပခဲ့သည်။

 လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမ်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥက္ကဋ္ဌ ဦးဌေးအောင် က ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင် လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအား ကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း  ရခိုင်ကမ်းရိုးတန်းအနီးသို့လည်းကောင်းရောက်ရှိ နိုင်မည်ဟုမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မုန်တိုင်းသတိပေးချက်ထုတ် ပြန်ထားပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ် အမ်းမြို့နယ် အတွင်းသဘာဝဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းဆပ် ကော်မတီများအနေဖြင့် မုန်တိုင်းသက် ရောက်မှုခံ စားရနိုင်သောဒေသများတွင် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများစတင်ဆောင် ရွက်စေခြင်း၊ မုန်တိုင်းသတင်းကို စဉ်ဆက်မပြတ် ရယူ၍ လိုအပ်သလိုပြောင်းလဲဆောင်ရွက်စေခြင်း၊ ကောလဟာလ သတင်း များကြောင့် ပြည်သူများအထိတ်တလန့်မဖြစ်စေရေး သက်ဆိုင်ရာမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းဆပ်ကော်မတီများက သတင်းမှန်ကြေငြာစေခြင်း၊ ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများကို အသိပေးထုတ်ပြန်စေခြင်း၊ အချိန်နှင့်အမျှပြောင်းလဲ ဖြစ်ပေါ်တတ်သည့် မုန်တိုင်း၏သဘောသဘာဝအရ မုန်တိုင်းအဆင့်ပိုမိုပြင်းထန်နိုင်ချေရှိကရွှေ့ပြောင်းနိုင်ရန် ဘေးလွတ်ရာနေရာများအား ပြန်လည် စိစစ်ပြင်ဆင်ခြင်းစသည့် ပြင်ဆင်ဆောင်ရွက်ရန်များကို ဆောင်ရွက်ရန်သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်များကို အားလုံးဝိုင်းဝန်းဆွေးနွေးပြီး  လုပ်ငန်းကော်မတီ တာဝန်ရှိသူများအနေဖြင့် လေဖိအားနည်းရပ်ဝန်းနှင့်မုန်တိုင်း သက်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ ထိခိုက်မှု နည်း ပါး စေရေးတို့အတွက် မိမိတို့သက် ဆိုင်ရာ တာဝန်ယူထားရသော ကဏ္ဍအလိုက်၊ ကျွမ်း ကျင်မှုအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင် ရာ လုပ်ငန်းကော်မတီများက သဘာဘေးအန္တရာယ်နှင့်မုန်တိုင်းသတင်းများကို အချိန်နှင့် တပြေးညီသတင်းထုတ်ပြန်နိုင်ရေး၊ ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေး နှင့် ပြန် လည်ထူထောင်ရေးတို့အတွက် ပြင်ဆင်စုဆောင်းထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက်  အမ်းမြို့နယ် ကဏာန်းပြင်အုပ်စုရှိကျေးရွာများ၊ လက်ခွာဒွေကျေးရွာအုပ်စုရှိကျေးရွာများ တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာနိုင်၍ကျရောက်လာပါက ပြည်သူများအားပြောင်း ရွှေ့နိုင်မည့် နေရာများအခြေအနေတို့ကို ရှင်းလင်းတင်ပြ ရာဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ကပေါင်းစပ်ဆွေးနွေး ပေးခဲ့ကြောင်းသိရသည်။ 


သတင်း - စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)