Pages

Pages

ပိုင်ကျုံမြို့အမှတ် (၂) ရပ်ကွက်၊ ပိတောက်လမ်း‌ပေါ်တွင် Box Culvert တစ်စင်း တည်‌ဆောက်ခြင်း (၁၀၀) ရာခိုင်နှုန်း ပြီးစီး




MNP - မတ်    ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူ စေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေ ပြည်သူများသွားလာမှု အဆင်‌ပြေစေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ‌ဆောင်ရွက်ပေး လျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ငွေကျပ်(၂.၄၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပိတောက်လမ်းတွင် Box Culvert တည်‌ ဆောက်ခြင်း လုပ်ငန်းကိုမတ်လ၁၂ရက်‌နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအချိန် တွင် ရာနှုန်းပြည့်တည်ဆောက်ပြီး ဖြစ်ကြောင်း သိရသည်။

အရှည်(၂၀)ပေ၊ အကျယ်(၃)ပေ(၆)လက်မ၊ ထု(၃)ပေရှိ Box Culvert တည်ဆောက်ခြင်း လုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့စည်ပင်သာ ယာရေးအဖွဲ့မှ အငယ်တန်း အင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှ အနီးကပ်ကြီးကြပ်လျက်ရှိပြီး အဆိုပါ လုပ်ငန်းပြီးစီးပါက မြို့သာယာလှပ‌ပြီး အများပြည်သူ များ၏ လူနေမှုဘဝနှင့် သွား‌ရေး လာ‌ရေးအတွက် အဆင်‌ပြေပြီး ဖြစ်ကြောင်း သိရပါသည်။

သတင်း - နော်ခူး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment